Sai Sai Kham Leng - Ta Phyay Phyay Nae (feat. Nanda Sai)

ငါ့မှာ ငါ့မှာ ငါ့မှာ
ငါ့မှာ မှိုင်တွေပြီး လမ်းမထက်မှာ ငုတ်တုတ်ထိုင်လိုက်
ငါ့ညတွေ ဒီလိုပဲ သူများတွေထက်ပို မဲလို့ မှောင်မိုက်
ကွန်ကရိလမ်းပေါ် ကျောခင်းပြီး ကြယ်တွေရေတွက်တယ်
မင်းရဲ့အသိုင်းအဝိုင်းပြောတာက အနူလက်နဲ့ ရွှေခွက်တဲ့
ငါနောက်ဆုတ်ဖို့ စိတ်မကူး ဘာတွေပြောပြောဂရုမစိုက်ဘူး
ငါ့ကို သိက္ခာတရားတောင် စိတ်နာသွားအောင်အချစ်ကို ကိုးကွယ်ရူးမိုက်သူ
အခုလိုက်ပြီး အခုကြိုက်သူတွေ အများကြီးပဲ မထူးဆန်းဘူး
ငါ့အလှည့်ကျမှ မင်းကိုတစ်ဖက်သက် ချစ်ခဲ့မိတာ ဒုစရိုက်မှု
ငါမျက်စိစုံမှိတ် ငါ့စိတ်မှာ မင်းရဲ့ပုံရိပ်
ငါ ငါ့စိတ်ငါထိန်း ခြေထောက်က မင်းရှိရာလိမ့်
မင်းအတွက်နဲ့ အောက်ကျနောက်ကျ အရာရာကို ငါသည်းခံ
အစကတည်းက အကျည်းတန်တဲ့ ဘဝကထပ်ပြီးအထီးကျန်
မင်းအတွက်ဆို လိုအပ်လာရင် ဘာမဆိုအဆင်သင့်ချည်းပဲ
ဒီရင်ခွင်ကြီးထဲ ဘာမှဆင်ခြေမရှိခဲ့
နင်အထင်ကြီးတဲ့ ပြိုင်ကားပေါ်ကကောင်မှ မဟုတ်ဘူး
ဘတ်စ်ကားပေါ်ကကောင်လည်း အချစ်ကို စိတ်ကူးယဉ်ခွင့်ရှိတယ်

မိန်းကလေးတစ်ယောက်ကို ဘဝတစ်သက်စာပုံပြီး
ဇွဲနပဲနဲ့ ငါကြိုက်တယ်
နားလည်ပေးပါ ကလေးရယ် နားလည်ပေးပါဆိုပြီး
မင်းရဲ့နောက်ကိုငါလိုက်တယ်
ဆုံးဖြတ်ပေးပါအချစ်ရယ် ဆုံးဖြတ်ပေးပါဆိုပြီး
စိတ်ရှိလက်ရှိအော်ပစ်လိုက်တယ်
ဒီလိုနဲ့ ကြာရင်ရူး တဖြည်းဖြည်း အိုး အို အိုး
သေနိုင်တယ်

အရေပြားရဲ့အောက်က ငါ့ရဲ့နံရိုးများအောက်မှာ
ခိုအောင်းပြီးတောင့်တနေတဲ့ လောင်မြိုက်သော နှလုံးသား
မင်းကို မြတ်နိုးသလိုပဲ ဂီတကိုငါကိုးကွယ်
မင်းဘက်က စွပ်စွဲတဲ့စကားက ဖက်ခွက်စားတဲ့ အမျိုးအနွယ်
ချိုးဖဲ့ပြီး ပြောနေလည်းပဲ ငါ့သီချင်းတွေပဲ ငါလေဖက်တွယ်
ငါ့သီချင်းတွေပဲ ယုံကြည်တပ်မက် ငါ့သီချင်းတွေနဲ့ ငါလေ အသက်ဆက်
ငါ့မှာသီချင်းနဲ့ မင်းကလွဲလို့ ဘ၀မှာမက်စရာမရှိပါ
မင်းရဲ့မိဘ အသိုင်းအဝိုင်းကတော့ ငွေရေး ကြေးရေးအဓိက
ငါခပ်ချေချေပဲ တခါတလေလည်း ခပ်တည်တည်နဲ့
တခါတလေလည်း စိတ်ဓာတ်အဆုံးထိ ပြုတ်ကျသွားလို့ ဆောက်တည်ရာမဲ့
ငါ့ရဲ့အခန်းထဲ နံရံတွေပေါ်မှာ ကဗျာစာတွေဖွဲ့
ငါ့ရဲ့ ဘဝ စာမျက်နှာမှာတော့ ဒဏ်ရာတွေနဲ့
ဂုံးတံတားကြီးအောက်မှာ နှလုံးသားမီးတောက်ကာ
အရှုံးသမားကြီး တစ်ယောက်လိုငါ အဆုံးအစ မရှိလျှောက်သွား
လူနဲ့ ဒုက္ခဓာတ်ပြုတဲ့အခါ မျက်ရည်ဆိုတာရှိလာတယ်
ဇွဲနဲ့လုံ့လ အချိုးကျတဲ့ အခါပန်းတိုင်ဆိုတာ ရှိမှာပဲ

သီချင်းလေးတစ်‌ပုဒ်ကို ဘဝတစ်သက်စာ ပုံပြီး
ဇွဲနဲ့ပဲနဲ့ ငါရေးတယ်
နားလည်ပေးပါဦးကွယ် နားလည်းပေးပါဆိုပြီ
ပရိသတ်ကြီးကိုငါပြောတယ်
ဆုံးဖြတ်ပေးပါဦးကွယ် ဆုံးဖြတ်ပေးပါဆိုပြီး
စိတ်ရှိလက်ရှိ အော်ပစ်လိုက်တယ်
ဒီလိုနဲ့ ကြာရင်ရူး
တဖြည်းဖြည်း အိုး အို အိုး
သေနိုင်တယ်

မိန်းကလေးတစ်ယောက်ကို ဘဝတစ်သက်စာပုံပြီး
ဇွဲနပဲနဲ့ ငါကြိုက်တယ်
နားလည်ပေးပါ ကလေးရယ် နားလည်ပေးပါဆိုပြီး
မင်းရဲ့နောက်ကိုငါလိုက်တယ်
ဆုံးဖြတ်ပေးပါအချစ်ရယ် ဆုံးဖြတ်ပေးပါဆိုပြီး
စိတ်ရှိလက်ရှိအော်ပစ်လိုက်တယ်
ဒီလိုနဲ့ ကြာရင်ရူး
တဖြည်းဖြည်း အိုး အို အိုး

သီချင်းလေးတစ်‌ပုဒ်ကို ဘဝတစ်သက်စာ ပုံပြီး
ဇွဲနဲ့ပဲနဲ့ ငါရေးတယ်
နားလည်ပေးပါဦးကွယ် နားလည်းပေးပါဆိုပြီ
ပရိသတ်ကြီးကိုငါပြောတယ်
ဆုံးဖြတ်ပေးပါဦးကွယ် ဆုံးဖြတ်ပေးပါဆိုပြီး
စိတ်ရှိလက်ရှိ အော်ပစ်လိုက်တယ်
ဒီလိုနဲ့ ကြာရင်ရူး
တဖြည်းဖြည်း အိုး အို အိုး
သေနိုင်တယ်

Written by:
Sai Sai Kham Leng

Publisher:
Lyrics © O/B/O DistroKid

Lyrics powered by Lyric Find

Sai Sai Kham Leng

Sai Sai Kham Leng

View Profile